ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ သိုဝှက်ထားသော ဒေသန္တရလုပ်လက်နက်များ သိမ်းဆည်းရမိ

ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ သိုဝှက်ထားသော ဒေသန္တရလုပ်လက်နက်များ သိမ်းဆည်းရမိ

15 January 2018 02:39(+0630) (လွန်ခဲ့သော 4 နာရီ ခန့်က)

မောင်တောမြို့နယ်၊ သက္ကယ်ပြင်(အရှေ့)ကျေးရွာအတွင်း ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ သိုဝှက်ထားသော ဒေသန္တရလုပ်လက်နက်များ သိမ်းဆည်းရမိ
နေပြည်တော် ၊ ဇန်န၀ါရီ - ၁၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သက္ကယ်ပြင်(အရှေ့)ကျေးရွာအတွင်း ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ သိုဝှက်ထားသော လုပ်သေနတ်များတွေ့ရှိကြောင်း ဖုန်းဖြင့်သတင်းပေးချက်အရ ဇန်န၀ါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ေ်ဆးရာမှာ သိုဝှက်ထားသော ဒေသန္တရလုပ်လက်နက်များ သိမ်းဆည်းရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားပါသည်။


 အဆိုပါကျေးရွာသို့ သွားရောက်စစ်ဆေးရာ ကျေးရွာအတွင်း ဗလီအနီးရှိ ရေကန်အတွင်းမှ နှစ်ချောင်းထောက်ပါ ဒေသန္တရလုပ် စိန်ပြောင်း ၁ လက်၊ ယမ်းထည့်၍ ပစ်ခတ်နိုင်သော လက်နက်ငယ် လုပ်သေနတ် ၂၉ လက်၊ ယမ်းထည့်၍ ပစ်ခတ်နိုင်သော်လည်း ပြောင်းမပါ လုပ်သေနတ် ၂ လက်၊ စုစုပေါင်း ဒေသန္တရလုပ်လက်နက် ၃၂ လက်အား ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ လုပ်သေနတ်များအား လက်နက်ကျွမ်းကျင်စစ်သည်များဖြင့် စစ်ဆေးလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင် များက လုပ်သေနတ်များရှာဖွေတွေ့ရှိခဲ့သည့် နေရာနှင့် အနီးတစ်ဝိုက်အား ဆက်လက်ရှာဖွေစစ်ဆေးလျက် ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန် ချက်အရ သိရပါသည်။

CD သစ်ထူးလွင်
ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ သိုဝှက်ထားသော ဒေသန္တရလုပ်လက်နက်များ သိမ်းဆည်းရမိ Title : ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ သိုဝှက်ထားသော ဒေသန္တရလုပ်လက်နက်များ သိမ်းဆည်းရမိ
Description : ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ သိုဝှက်ထားသော ဒေသန္တရလုပ်လက်နက်များ သိမ်းဆည်းရမိ 15 January 2018 02:39(+0630) (လွန်ခဲ့သော 4 နာရီ ခန...
Rating : 5

Post a Comment

မျှဝေရန်


Share
Get Floating Social Buttons