၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ စာရင်းဝင်ဇာတ်ကား(၃)ကား

၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ စာရင်းဝင်ဇာတ်ကား(၃)ကား


၂၀၁၇ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ကို အခုလာမယ့် မတ်လမှာ ပြုလုပ်တော့မှာပဲဖြစ်ပါတယ် ။ ဒီနှစ် အပြိုင်အဆိုင်ပြင်းထန်မယ့် အကယ်ဒမီစာရင်းဝင် ဇာတ်ကား (၅၃) ကား ပေါ်ထွက်လာပါပြီ  ။ အကယ်ဒမီ ဇာတ်ကား (၅၃)ကားထဲက မှ MyanmarCelebrity ပရိသတ်ကြီးအတွက် ပထမဦးဆုံး ဇာတ်ကား(၃)ကား ရဲ့ ဇာတ် ၀င်ခန်းတွေ ကို အမှတ်တရကြည့်ရှုနိုင်ဖို့  ရွေးချယ်တင်ဆက်လိုက်ပါတယ်။ ဒီဇာတ်ကားတွေကတော့  အမှောင်မှာရွာချတဲ့မိုးတိမ် (ကျွန်) ၊ ခေါက်ထီးလေးမလုံ့တလုံ နဲ့ ချိုမြိန်သောလက်စားချေခြင်း ရုပ်ရှင်ဇာတ်ကား တွေပဲဖြစ်ပါတယ်။

 ဇာတ်လမ်း ကနုတ်မေ ၊  ဇာတ်ညွှန်း မင်းခိုက်စိုးစံ၊ ထက်မြတ်နိုင်ဇင် တို့က ရေးသားထားပြီး ဒါရိုက်တာ ညွှန့်မြန်မာ ညီညီအောင် ရိုက်ကူးပုံဖော်ထားသော ကျွန် ရုပ်ရှင်ဇာတ်ကားမှာ နေတိုး၊ မြင့်မြတ်၊ ရဲအောင်၊ ဝတ်မှုံရွှေရည်၊ စိုးမြတ်သူဇာ၊ သီရတီ၊ တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။


ပုဂံ မှာ ယခင်ခေတ်အဆက်ဆက် ကတည်းက ရှိခဲ့တဲ့ ဘုရားကျွန်တွေရဲ့ ဘဝအကြောင်းကို ရိုက်ကူးပုံဖော်ပြသထားပြီး ပုဂံမြေရဲ့ အလှတရားတွေကို အကယ်ဒမီ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် အကောင်းဆုံး ရိုက်ပြထားတာပဲဖြစ်ပါတယ်။

"ဘုရားကျွန်ဆိုတာ လောဘကျွန်၊ ဒေါသကျွန်၊ မောဟကျွန်၊ တဏှာကျွန် တွေထက် မြင့်မြတ်တဲ့ ကျွန် ဖြစ်ပါတယ်။ ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ကျွန် ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့တာပါ" လို့ သရုပ်ဆောင် မြင့်မြတ် က MC သို့ပြောပါတယ်။





 လွန်းထားထား(ဆေးတက္ကသိုလ်)ရဲ့ ၀တ္ထုကို မိုးနီလွင်မှဇာတ်ညွှန်း ပြန်လည်ရေးဖွဲ့ထားပြီး ဒါရိုက်တာမီးပွားမှ ရိုက်ကူးထားကာ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၊ရွှေမှုံရတီ၊ ခင်ဝင့်ဝါ၊ ဟန်လင်းသန့်၊ မုဏ်း၊ ထွန်းထွန်းဝင်း၊ စိုးမိုးကြည်၊ ခင်မို့မို့အေး၊ ဦးဝင်းမြိုင်၊ဒေါ်လှလှမိုး၊ စွမ်းရည်၊ ကျော်ဇင်ထွဋ်၊ ဒေါင်းဝေ၊ ဆုထက်ကုဋေ၊ လမင်းကဗျာနှင့် အခြားသရုပ်ဆောင်များစွာတို့က ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။






 စာဖတ်ပရိသတ်တွေကြားမှာ ထင်ရှားရေပန်းစားခဲ့တဲ့ စာရေးဆရာမကြီး စမ်းစမ်းနွဲ့ (သာယာဝတီ) ရဲ့'ခေါက်ထီးလေး မလုံ့ တလုံ' ၀တ္ထုကို  ဇာတ်ညွှန်း မိုးနီလွင် က ပြန်လည်ရေးသားထားပြီး ဒါရိုက်တာ မီးပွားကရိုက်ကူး ပုံဖော်ထားတာပါ ။ ဒီဇာတ်ကားမှာ သရုပ်ဆောင် မင်းမော်ကွန်း ၊ အေးမြတ်သူ ၊ စိုးပြည့်သဇင် နှင့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။

By MyanmarCelebrity
#MyanmrCelebrity #Academy

၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ စာရင်းဝင်ဇာတ်ကား(၃)ကား Title : ၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ စာရင်းဝင်ဇာတ်ကား(၃)ကား
Description : ၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ စာရင်းဝင်ဇာတ်ကား(၃)ကား January 05, 2018 #Celebrity News  #Myanmar Actor  #Myanmar Actress  ၂၀၁၇ခုနှစ်ြ...
Rating : 5

Post a Comment

မျှဝေရန်


Share
Get Floating Social Buttons