ကယ်ဆယ်ရေးဝန်ထမ်းများ စားစရာပေးပြီး ကလေးငယ်များကို လိင်ပိုင်းအမြတ်ထုတ်



ကယ်ဆယ်ရေးဝန်ထမ်းများ စားစရာပေးပြီး ကလေးငယ်များကို လိင်ပိုင်းအမြတ်ထုတ်


By ဒီဗွီဘီ 19 February 2018

ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ ကယ်ဆယ်ရေးဝန်ထမ်းတွေက စားစရာတွေ၊ ဂျုံတွေနဲ့ လဲလှယ်ပြီး ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့ကြတယ်လို့ ဆန်းဒေးမေရာသတင်းမှာ ဖော်ပြထားပါတယ်။
ကူညီထောက်ပံ့ပေးနေတဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေက အသက် ၁၈ နှစ်အောက် မိန်းကလေးငယ်တွေနဲ့ လိင်ဆက်ဆံပြီး အလဲအလှယ်လုပ်ဖို့ ဆီ၊ ရွက်ဖျင်ထည်၊ စားနပ်ရိက္ခာတွေ၊ အသက်ကယ်ဆေးတွေနဲ့ ဂျုံ၊ ပြောင်းတွေကို ပေးခဲ့တယ်လို့ UNHCR နဲ့ Save the Children အဖွဲ့တွေရဲ့ စုံစမ်းစစ်ဆေးမှုတွေကနေ စွပ်စွဲ ပြောဆိုလိုက်တာပါ။
မိန်းကလေးငယ်တချို့ကို အဝတ်မပါဘဲ ကိုယ်ဟန်ပြခိုင်းပြီး ဓာတ်ပုံရိုက်တာ၊ လိင်အတွက် အခန်းငှားတာတွေ လုပ်ခဲ့ကြပြီး ဒီလို အလွဲသုံးစားလုပ်သူတွေထဲမှာ ကယ်ဆယ်ရေးဝန်ထမ်းတွေ၊ အစိုးရအာဏာပိုင်တွေ၊ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်သားတွေ၊ ဒုက္ခသည်ခေါင်းဆောင်တွေနဲ့ ကျောင်းဆရာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဗြိတိန် အကူအညီပေးရေးအဖွဲ့ (Oxfam) ရဲ့ အကြီးအကဲတွေ ဟေတီမှာ ပြည့်တန်ဆာတွေကို အခကြေးငွေပေးတာနဲ့ ပတ်သက်လို့ စွပ်စွဲခံရတာ မတိုင်ခင် လွန်ခဲ့တဲ့ ဆယ်စုနှစ်က အာဖရိကမှာဖြစ်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားမှု အသေးစိတ်တွေကို ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။
၂၀၀၁ ခုနှစ်ရဲ့ အစီရင်ခံစာထဲမှာ ကယ်ဆယ်ရေးဝန်ထမ်းတွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုက စီရီယာလီယွန်နိုင်ငံ၊ လိုက်ဘေးရီးယားနဲ့ ဂီနီနိုင်ငံတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့ပြီး အသက် ၁၃ နှစ်အရွယ် မိဘမဲ့မိန်းကလေးတွေ ပစ်မှတ်ထား လိင်ပိုင်းစော်ကားခံရတယ်လို့ ဆိုပါတယ်။
“ဒီလူတွေရဲ့ ထောင်ချောက်က လွတ်ဖို့ ခက်ပါတယ်။ သူတို့နဲ့ လိင်ဆက်ဆံဖို့ သူတို့က အစားနဲ့မျှားတယ်” လို့ လိုက်ဘေးရီးယားနိုင်ငံက မိန်းကလေးတဦးက ပြောပါတယ်။
“ငွေနဲ့ လက်ဆောင်တွေအတွက် လိင်ကို အလဲအလှယ်လုပ်တာက ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတယ်။ ဆွေးနွေးခဲ့တဲ့ ကလေးတော်တော်များများမှာ ဒီလို စားစရာနဲ့ လိင်လဲလှယ်တဲ့ကိစ္စမှာ အနည်းဆုံး ကလေးတယောက် ပါဝင်နေတာ သူတို့ သိနေကြတယ်” လို့ UNHCR နဲ့ Save the Children ယူကေစုံစမ်းမှု ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
ပဋိပက္ခနယ်မြေက ကလေးတွေအနေနဲ့ ပညာရေးအတွက် ပေးဖို့ တခြား အခြေခံလိုအပ်ချက်တွေနဲ့ အစားအစာရဖို့ ဒီနည်းလမ်းတခုသာ ရှိတယ်လို့ ထင်ပြီး မိဘတွေ ကိုယ်တိုင်ကလည်း အသက်ရှင်နေထိုင်ဖို့ ဒီနည်းလမ်းသာရှိတယ်လို့ ခံစားရကြောင်း သိရပါတယ်။
အနောက်အာဖရိက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်စော်ကားမှုမှာ ကလေးတွေ အမည်ဖော်မှုအရ ကယ်ဆယ်ရေးအဖွဲ့ ၄၀ ကျော်၊ လူဦးရေ ၆၇ ဦးဖြစ်ပြီး အများစုက ဒေသခံဝန်ထမ်းတွေလို့ ဆိုပါတယ်။
လူပေါင်း ၁၅၀၀ ကျော်ကို သုတေသနပြု မေးမြန်းချက်အရ အပြည်ပြည်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ ဒေသခံ အကြီးတန်းဝန်ထမ်းတွေ ဒုက္ခသည်စခန်းတွေထဲမှာ မရှိတာက အငယ်တန်းဝန်ထမ်းတွေကို အပြစ်ကင်းလွတ်ခွင့်ပေးသလို ဖြစ်နေကြောင်း တွေ့ရတယ်လို့ ဆိုပါတယ်။
၂၀၁၀ ခုနှစ် ဟေတီအကျပ်အတည်း ဖြစ်ချိန်ကာလမှာ အမျိုးသမီးတဦးရဲ့ မိသားစုကို ကလေးအတွက် နို့နဲ့ ပိတ်စတွေ ပေးပြီး သူမနဲ့ အိပ်ခဲ့တယ်လို့ Oxfam အကြီးအကဲ အသက် ၆၈ နှစ်အရွယ် ရိုလန်ဗန်ဟွေဝါမီရန်က ဝန်ခံပြီးနောက် ရက်အနည်းငယ်အကြာမှာ အစီရင်ခံစာ ထွက်ပေါ်လာခဲ့တာပါ။
မစ္စတာဗန်က အလှူငွေတွေနဲ့ ငှားထားတဲ့အိမ်မှာ အမျိုးသမီးတဦးနဲ့ လိင်ဆက်ဆံခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ Oxfarm အဖွဲ့ကြီးကို အစိုးရရန်ပုံငွေ ထောက်ပံ့မှုကနေလည်း ရပ်နားလိုက်တယ်လို့ သိရပါတယ်။
မစ္စတာဗန်က လိုက်ဘေးရီးယား၊ ချက်နဲ့ ဟေတီနိုင်ငံတွေမှာ သူ ဘယ်တုန်းကမှ ပြည့်တန်ဆာတွေနဲ့ မအိပ်ခဲ့ကြောင်း တုံ့ပြန်ပြောကြားခဲ့တယ်လို့လည်း မေရာသတင်းတပုဒ်မှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဖော်ပြထားပါတယ်။ #DVB
ဓာတ်ပုံ - John Gladwin/Sundy Mirror
Image may contain: one or more people, people standing and text


လည်ပတ်ရန်{ ​ဒီ​မှာ } ​သွား​လိုက်​ပါ
ကယ်ဆယ်ရေးဝန်ထမ်းများ စားစရာပေးပြီး ကလေးငယ်များကို လိင်ပိုင်းအမြတ်ထုတ် Title : ကယ်ဆယ်ရေးဝန်ထမ်းများ စားစရာပေးပြီး ကလေးငယ်များကို လိင်ပိုင်းအမြတ်ထုတ်
Description : ကယ်ဆယ်ရေးဝန်ထမ်းများ စားစရာပေးပြီး ကလေးငယ်များကို လိင်ပိုင်းအမြတ်ထုတ် By ဒီဗွီဘီ 19 February 2018 ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ ကယ်ဆယ်ရေးဝန်...
Rating : 5

Post a Comment

မျှဝေရန်


Share
Get Floating Social Buttons