Mytel အနေနဲ့ သုံးနှစ်အတွင်း ဒုတိယနေရာနှင့် ငါးနှစ်အတွင်း ပထမနေရာကို ရောက်ရှိဖို့ ရည်မှန်းထားကြောင်း Mytel ဥက္ကဌက ပြောကြား

Mytel အနေနဲ့ သုံးနှစ်အတွင်း ဒုတိယနေရာနှင့် ငါးနှစ်အတွင်း ပထမနေရာကို ရောက်ရှိဖို့ ရည်မှန်းထားကြောင်း Mytel ဥက္ကဌက ပြောကြား

Mytel အနေနဲ့ သုံးနှစ်အတွင်း ဒုတိယနေရာနှင့် ငါးနှစ်အတွင်း ပထမနေရာကို ရောက်ရှိဖို့ ရည်မှန်းထားကြောင်း Mytel ဥက္ကဌက ပြောကြား ခဲ့ပါတယ်။
၂၀၁၈ ခု ဖေဖော်ဝါရီ ၁၁ရက်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပထမဆုံး ဖုန်းခေါ်ဆိုတဲ့ First Call Announcement Ceremony အခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
" ၁၅ နှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ ၁.၅ဘီလီယံ ရင်းနှီးမြှုပ်နှံထားကာ ၁၅ နှစ်အတွင်းမှာပဲ မြန်မာနိုင်ငံလူဦးရေ ၉၅ ရာခိုင်နှုံးကို လွှမ်းခြုံသွားပြီး အကောင်းဆုံး ဝန်ဆောင်မှုကို ပေးသွားမယ်လို့ ရည်မှန်းဆောင်ရွက်ထားပါတယ်" လို့ Mytel ဥက္ကဌ ဦးခင်မောင်စိုးက ပြောပါတယ်။

သုံးနှစ်အတွင်းမှာ အော်ပရေတာတွေကြားထဲ ဒုတိယ နေရာကိုရရှိပြီး ၅နှစ်အတွင်း ပထမရရှိရန် ရည်မှန်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
သုံးနှစ်တာကာလအတွင်း အသံဝန်ဆောင်မှုကို မြန်မာနိုင်ငံရဲ့ မြို့နေလူဦးရေ ၉၉.၃ရာခိုင်နှုန်းကို လည်းကောင်း၊ကျေးလက်နေလူဦးရေ ၈၈ရာခိုင်နှုန်းကို လည်းကောင်း ရောက်ရှိ အသုံးပြုနိုင်အောင် ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
အင်တာနက် အသုံးပြုမှုကိုတော့ မြို့နေလူဦးရေ ၉၆ရာခိုင်နှုန်းကိုလည်းကောင်း၊ ကျေးလက်နေလူဦးရေ ၆၆ရာခိုင်နှုန်းကိုလည်းကောင်း ရောက်ရှိ အသုံးပြုနိုင် အောင် ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
ထုတ်လွှင့်မှုလှိုင်း Spectrum သုံးခုနဲ့ ဆောင်ရွက် သွားမှာဖြစ်ပြီး အဲဒါတွေကတော့ 5Mhz of 900 Frequency ၊ 15Mhz of 1800 Frequency ၊
10Mhz of 2100 Frequency တို့ဖြစ်တယ်လို့ သိရပါတယ်။

#Internet Journal
Image may contain: one or more people


လည်ပတ်ရန်{ ​ဒီ​မှာ } ​သွား​လိုက်​ပါ
Mytel အနေနဲ့ သုံးနှစ်အတွင်း ဒုတိယနေရာနှင့် ငါးနှစ်အတွင်း ပထမနေရာကို ရောက်ရှိဖို့ ရည်မှန်းထားကြောင်း Mytel ဥက္ကဌက ပြောကြား Title : Mytel အနေနဲ့ သုံးနှစ်အတွင်း ဒုတိယနေရာနှင့် ငါးနှစ်အတွင်း ပထမနေရာကို ရောက်ရှိဖို့ ရည်မှန်းထားကြောင်း Mytel ဥက္ကဌက ပြောကြား
Description : Mytel အနေနဲ့ သုံးနှစ်အတွင်း ဒုတိယနေရာနှင့် ငါးနှစ်အတွင်း ပထမနေရာကို ရောက်ရှိဖို့ ရည်မှန်းထားကြောင်း Mytel ဥက္ကဌက ပြောကြား Mytel အနေနဲ့ သုံ...
Rating : 5

Post a Comment

မျှဝေရန်


Share
Get Floating Social Buttons